Posts

Showing posts from March, 2019

ကျဆုံးခန်းတိုင်နေသည့် ရခိုင်ပြည်ရောက် မြန်မာ့တပ်မတော်

Image
မြန်မာ့တပ်မတော်ဟာ ရခိုင့်တပ်မတော် အေအေကို တိုက်လို့မနိုင်တော့တဲ့အခါကျတော့ စစ်ပွဲအတုတွေကို ရွာထဲ၊ မြို့ထဲတွေမှာ ဖန်တီးပြီး ရွာသားတွေ ခလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေကို သေနပ်နဲ့ပစ်သတ်တယ်၊ ဘက်နက်စစ်ဒါးတွေနဲ့ ထိုးသတ်တယ်။ အေအေအဖွဲဝင်တွေဆိုပြီး အရပ်သားတွေကို လုပ်ကြံ သတ်ဖြတ်တယ်၊ ဖမ်းတယ်။ ရွာတွေကို အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ထောင် သောင်း များစွာသော ရွာသားတွေကို ရွာမှာ မနေနှိုင်အောင် လုပ်တယ်။ မောင်းထုတ်တယ်။ ခြောက်နှစ်သားခလေ၊ အသက် ၉၀ ကျော်အရွယ် အိုနာ-နားမကြား ဒုက္ခခိတ အဘွားအိုကို ပစ်သတ်တယ်။ ကိုယ်ဝံဆောင်အမျိုးသမီးကို ပစ်သတ်တယ်။ ဘုရားပုထိုးဇေတိတွေ ရှေ့ဟောင်းအမွေအနှစ်တွေကို လက်နက်ကြီးတွေပစ်ပြီးတော့မှ ဖျက်ဆီးတယ်။ ဘုရား ကျောင်းကန်တွေမှာ တပ်စွဲထားတယ်။ အိမ်တိုင်းရွာတိုင်းကို ၀င်မွှေတယ်။ တွေသမျှကို ခိုးတယ် လုတယ်။ အိမ်မွေးတိရစ်ဆန်တွေကို သတ်စားတယ်။ ငါးပိဆားကအစ ပိုင်ရှင်မသိ ခွင့်မပြုဘဲ ယူတယ် ခိုးတယ်။ ငါးရှာ ၀ါးခုတ် ထင်းခုတ်ပြီးတော့မှ ထမင်းစားရတဲ့ အလွန်တရာမှ ဆင်းရေးတဲ့ တောသူတောင်သား တွေကို ရွာပြင်မထွက်ရ၊ ငါးမဖမ်းရ ထင်းမခုတ်ရဘူး။ ထမင်းငတ်သေအောင်လုပ်ထားကြတယ်။