ကျဆုံးခန်းတိုင်နေသည့် ရခိုင်ပြည်ရောက် မြန်မာ့တပ်မတော်










မြန်မာ့တပ်မတော်ဟာ ရခိုင့်တပ်မတော် အေအေကို တိုက်လို့မနိုင်တော့တဲ့အခါကျတော့ စစ်ပွဲအတုတွေကို ရွာထဲ၊ မြို့ထဲတွေမှာ ဖန်တီးပြီး ရွာသားတွေ ခလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေကို သေနပ်နဲ့ပစ်သတ်တယ်၊ ဘက်နက်စစ်ဒါးတွေနဲ့ ထိုးသတ်တယ်။ အေအေအဖွဲဝင်တွေဆိုပြီး အရပ်သားတွေကို လုပ်ကြံ သတ်ဖြတ်တယ်၊ ဖမ်းတယ်။

ရွာတွေကို အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ထောင် သောင်း များစွာသော ရွာသားတွေကို ရွာမှာ မနေနှိုင်အောင် လုပ်တယ်။ မောင်းထုတ်တယ်။

ခြောက်နှစ်သားခလေ၊ အသက် ၉၀ ကျော်အရွယ် အိုနာ-နားမကြား ဒုက္ခခိတ အဘွားအိုကို ပစ်သတ်တယ်။ ကိုယ်ဝံဆောင်အမျိုးသမီးကို ပစ်သတ်တယ်။ ဘုရားပုထိုးဇေတိတွေ ရှေ့ဟောင်းအမွေအနှစ်တွေကို လက်နက်ကြီးတွေပစ်ပြီးတော့မှ ဖျက်ဆီးတယ်။ ဘုရား ကျောင်းကန်တွေမှာ တပ်စွဲထားတယ်။

အိမ်တိုင်းရွာတိုင်းကို ၀င်မွှေတယ်။ တွေသမျှကို ခိုးတယ် လုတယ်။ အိမ်မွေးတိရစ်ဆန်တွေကို သတ်စားတယ်။ ငါးပိဆားကအစ ပိုင်ရှင်မသိ ခွင့်မပြုဘဲ ယူတယ် ခိုးတယ်။

ငါးရှာ ၀ါးခုတ် ထင်းခုတ်ပြီးတော့မှ ထမင်းစားရတဲ့ အလွန်တရာမှ ဆင်းရေးတဲ့ တောသူတောင်သား တွေကို ရွာပြင်မထွက်ရ၊ ငါးမဖမ်းရ ထင်းမခုတ်ရဘူး။ ထမင်းငတ်သေအောင်လုပ်ထားကြတယ်။

ရခိုင်လူငယ်အမျိုးသမီးတွေကို တွေ့ရင် အေအေအဖွဲဝင်တွေဆိုပြီး တွေ့တာမြင်တာနဲ့ပစ်သတ်တယ်။ ဖမ်းဆီးတယ်၊ စစ်ဆေးတယ်၊ ဖုန်းတွေကိုဖွင့်ရှာတယ်။

တစ်ရွာနဲ့တစ်ရွာ ဆန် ဆီ ဆား မသယ်ရဘူး။ ဘာနဲ့စားကြမလဲ။ ရခိုင်တွေအကုန်လုန်း ငတ်သေရင် ပြီးရောဆိုတဲ့ သဘောဘဲ။  

အေးဒိလိုဘဲ ခင်များတို့ ကရင် ကချင် ရှမ်းတွေကို နှစ်ပေါင်း ၇၀ ကျော် ရက်စက် ယုတ်မာလာခဲ့ကြပြီ။ စစ်ရာဇ၀တ်မူကျူးလွန်လာခဲ့ပြီ။

အခုတစ်ခါတော့ ရခိုင်ဖက်ကို လှည့်လာပြီပေါ့။

တော်တာ့ကို အောက်တန်းကျနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်အရာရှိတွေ။ အစိုးရတစ်တပ်တစ်နဲ့လုံးဝ  မတူဘူး။ ARSA, Taliban, ISIS, Al Qaeda အကြမ်းဖက်အဖွဲ တွေထက်တောင် ရက်စက်ယုတ်မာ အောက်တန်းကျတယ်။ အဆင့်လုံးဝမရှိဘုး။  

ဒိလိုအကြမ်းဖက် ရက်စက်ယုတ်မာနေလို့ ခင်ဗျားတို့ကို ရခိုင်လူမျိုးတွေက အထင်သေးတယ်။

ခင်ဗျားတို့စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိုးဝင်းတို့ကို အလ်ကိုင်တာအဖွဲခေါင်းဆောင် အိုဆာမာဘင်လင်တန်တို့လို တာလိဘန်ခေါင်းဆောင် မူလာအူမာတို့လောက်တောင် အဆင့်မရှိတဲ့ အကောင်တွေလို့ဘဲ မြင်ကြတယ်။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဘာကားစီစီး၊ ဘာနာရီပတ်ပတ်၊ ဘာပွင့် ဘာယူနီဖေါင်းတွေဘဲ ၀တ်ဝတ် ခင်ဗျားတို့ကို အထင်မကြီးကြတော့ဘူး။ ခလေးသတ်တဲ့ သတ္တ၀ါတွေ၊ အသက် ၉၀ ကျော် မိသားစုမဲ့ နားမကြားအိုနာ အဖွားအိုကို သတ်ခဲ့ကြတဲ့ သရဲသဘက်ကောင်တွေ လို့ဘဲမြင်ကြတယ်။

အေးဒိလိုမြင်တာ ရခိုင်တွေမမှားပါဘူး။ ဘာ့ကြောင့်လဲဆိုရင် အေးဒိ မတရားလူသတ် ခိုးဆိုးနှိပ်တာတွေကို ခင်ဗျားတို့ စစ်တပ်က လုပ်ခဲ့လိုဘဲ။

ခင်ဗျားတို့ လူစိတ်မရှိ ရက်စက်ယုတ်မာ ကောက်ကျစ်ယုတ်မာ နေကြလို့ဘဲ။ ကိုယ်ကိုအထင်ကြီး ဘ၀င်မြင့် ရိုင်းစိုင်းမောက်မာနေကြလို့ဘဲ။

ခင်ဗျားတို့ ရဲဘော် အရာရှိတွေကို ရခိုင်တွေ သိမ်အထင်သေးတယ်။ ငါးပိသူခိုး၊ ဘရာဇီယာသူခိုး၊ ခွေးသူခိုးတွေ လို့ဘဲခေါ်ကြတယ်။

အေးဒါလဲ ရခိုင်တွေမှန်တာဘဲ။ ဘာ့ကြောင့်ဆိုရင် ခင်ဗျားတို့ စစ်တပ်က လုပ်ခဲ့လို့ဘဲ။

ဒိလိုအောက်တန်းကျ ရက်စက် ယုတ်မာနေကြလို့ကတော့ ခင်ဗျားတို့ဟာ ရခိုင်မှာလုံးဝအခြေချလို့ ရမှာမဟုတ်တော့ဘူး။ ချေးထက်ရွံကြတယ်။ ခင်ဗျားတို့ ရုပ်တွေကိုတောင် မကြည့်ချင်ကြတော့ဘူး။

စစ်ကိုစစ်နဲ့တူအောင်တိုက်စမ်းပါ။ အဆင့်ရှိကြစမ်းပါ။

ခင်ဗျားတို့ရဲ့ အကျင့်ဆိုး စရိတ်ဆိုး လူသတ် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဖျက်ဆီး ရွာသားတွေကို မောင်းထုတ်နေလို့ကတော့ မကြာခင် အေးဒိအောက်တန်းစား လူသတ်သမားတွေဟာ နိုင်ငံတကာ တရားရုံးတွေမှာ ထောင်ချခံ အပြစ်ပေးခံရတော့မှာ သေချာပါတယ်။ ကျဆုံးခန်းကိုရောက်တော့မည်ဆိုတာ သေချာနေတယ်။

Comments

Popular posts from this blog

Wild Wild Rakhine War and Shifting New Harassment Strategy

Myanmar Army Arrests more Villagers in Rakhine State in Recent Days